Breaking

July 5, 2021

ျမန္မာကိုဗစ္ တရက္အတြင္း အတည္ျပဳလူနာသစ္ ၂,၃၀၀ ေက်ာ္

 


စစ္အာဏာမသိမ္းမီက COVID-19 ေရာဂါကုသေရးဌာန (သုဝဏၰ) ICU မွာ ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဒီဇင္ဘာ ၃၁၊ ၂၀၂၀။ ဓာတ္ပုံ - MOHS)
(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ တနဂၤေႏြ တရက္တည္းမွာတင္ ကိုဗစ္ပိုးစမ္းသပ္မႈ ၁၀,၀၀၀ ေက်ာ္ ျပဳလုပ္ခဲ့ရာမွာ အတည္ျပဳလူနာသစ္ ၂,၃၀၀ ေက်ာ္ ေတြ႔ခဲ့ရၿပီး ေသဆံုးရသူက ၃၅ ဦး ရွိေနတယ္လို႔ အားကစားနဲ႔ က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။ ကိုဗစ္ကူးစက္မႈရွိတဲ့ အတည္ျပဳလူနာဟာ ၂၂ ရာခုိင္ႏႈန္းေက်ာ္ ရွိေနတာျဖစ္ၿပီး ဒါဟာ မႏွစ္က ႏွစ္ကုန္ပိုင္းေလာက္ ကိုဗစ္ကူးစက္မႈႏႈန္း ျမင့္တက္ခ်ိန္ကထက္ကို ကူးစက္မႈႏႈန္း ပိုမ်ားေနတာ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ စစ္တပ္အာဏာသိမ္းၿပီးခ်ိန္ကစၿပီး က်န္းမာေရးစနစ္နဲ႔တကြ ကို႐ုိနာဗိုင္းရပ္စ္ ကာကြယ္ေရးဆိုင္ရာ လုပ္ေဆာင္မႈေတြ ေကာင္းေကာင္း မလုပ္ႏုိင္ေတာ့တဲ့ ျမန္မာႏိုင္ငံမွာ မၾကာခင္ သီတင္းပတ္ေတြအတြင္း ကိုဗစ္ကူးစက္မႈႏႈန္းက တဟုန္ထိုး ျမင့္တက္လာေနတာ ျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အရပ္သားအစိုးရ လက္ထက္မွာ ကိုဗစ္ကူးစက္မႈ ျမင့္မားတာ ၂ ႀကိမ္ရွိခဲ့ၿပီး ဒီကူးစက္မႈလႈိင္း ၂ ခုစလုံးအတြက္ ကိုဗစ္စမ္းသပ္မႈေတြနဲ႔ သီးျခားခြဲေနရမယ့္ ကြာရန္တင္းစင္တာေတြ ဖြင့္ၿပီး အေျခအေန တည္ၿငိမ္မႈရွိေအာင္ ထိန္းထားႏုိင္ခဲ့တာ ျဖစ္ပါတယ္။ ႏုိင္ငံတလႊား ကာကြယ္ေဆးေတြ စထိုးေပးဖို႔ လုပ္ေနခ်ိန္မွာပဲ စစ္တပ္က အာဏာသိမ္းခဲ့တာေၾကာင့္ အစီအစဥ္ေတြ ေကာင္းေကာင္း ဆက္မလုပ္ႏိုင္ဘဲ ျဖစ္ခဲ့ရတဲ့အျပင္ ေဆးဝန္ထမ္းအမ်ားစုက အၾကမ္းမဖက္ အာဏာဖီဆန္တဲ့ CDM ဝင္ေနၾကတာေၾကာင့္ က်န္းမာေရး ေစာင့္ေရွာက္ကုသေရးမွာပါ အခက္ႀကံဳေနရတာပါ။

လက္ရွိမွာ ဓာတ္ခြဲနမူနာ ၂.၈ သန္းနီးပါး စစ္ေပးႏိုင္ခဲ့ၿပီး အတည္ျပဳလူနာ ၁၆၀,၀၀၀ ေက်ာ္ ရွိေနသလို ေသဆံုးရသူ စုစုေပါင္းက ၃,၄၁၉ ေယာက္ ရွိေနတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ Stay at home ကန္႔သတ္ထားတဲ့ ၿမိဳ႕နယ္ေပါင္းက ၂၆ ၿမိဳ႕နယ္ရွိေနၿပီး တနလၤာေန႔ကစၿပီး ရန္ကုန္မွာ စားေသာက္ဆိုင္တြင္း ထိုင္ၿပီး စားေသာက္ခြင့္ကို ပိတ္ပင္လိုက္ပါတယ္။


------------------------

(Unicode)

မြန်မာကိုဗစ် တရက်အတွင်း အတည်ပြုလူနာသစ် ၂,၃၀၀ ကျော်

မြန်မာနိုင်ငံမှာ တနင်္ဂနွေ တရက်တည်းမှာတင် ကိုဗစ်ပိုးစမ်းသပ်မှု ၁၀,၀၀၀ ကျော် ပြုလုပ်ခဲ့ရာမှာ အတည်ပြုလူနာသစ် ၂,၃၀၀ ကျော် တွေ့ခဲ့ရပြီး သေဆုံးရသူက ၃၅ ဦး ရှိနေတယ်လို့ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ကိုဗစ်ကူးစက်မှုရှိတဲ့ အတည်ပြုလူနာဟာ ၂၂ ရာခိုင်နှုန်းကျော် ရှိနေတာဖြစ်ပြီး ဒါဟာ မနှစ်က နှစ်ကုန်ပိုင်းလောက် ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်ချိန်ကထက်ကို ကူးစက်မှုနှုန်း ပိုများနေတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ကျန်းမာရေးစနစ်နဲ့တကွ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်မှုတွေ ကောင်းကောင်း မလုပ်နိုင်တော့တဲ့ မြန်မာနိုင်ငံမှာ မကြာခင် သီတင်းပတ်တွေအတွင်း ကိုဗစ်ကူးစက်မှုနှုန်းက တဟုန်ထိုး မြင့်တက်လာနေတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရ လက်ထက်မှာ ကိုဗစ်ကူးစက်မှု မြင့်မားတာ ၂ ကြိမ်ရှိခဲ့ပြီး ဒီကူးစက်မှုလှိုင်း ၂ ခုစလုံးအတွက် ကိုဗစ်စမ်းသပ်မှုတွေနဲ့ သီးခြားခွဲနေရမယ့် ကွာရန်တင်းစင်တာတွေ ဖွင့်ပြီး အခြေအနေ တည်ငြိမ်မှုရှိအောင် ထိန်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတလွှား ကာကွယ်ဆေးတွေ စထိုးပေးဖို့ လုပ်နေချိန်မှာပဲ စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် အစီအစဉ်တွေ ကောင်းကောင်း ဆက်မလုပ်နိုင်ဘဲ ဖြစ်ခဲ့ရတဲ့အပြင် ဆေးဝန်ထမ်းအများစုက အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM ဝင်နေကြတာကြောင့် ကျန်းမာရေး စောင့်ရှောက်ကုသရေးမှာပါ အခက်ကြုံနေရတာပါ။

လက်ရှိမှာ ဓာတ်ခွဲနမူနာ ၂.၈ သန်းနီးပါး စစ်ပေးနိုင်ခဲ့ပြီး အတည်ပြုလူနာ ၁၆၀,၀၀၀ ကျော် ရှိနေသလို သေဆုံးရသူ စုစုပေါင်းက ၃,၄၁၉ ယောက် ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ Stay at home ကန့်သတ်ထားတဲ့ မြို့နယ်ပေါင်းက ၂၆ မြို့နယ်ရှိနေပြီး တနင်္လာနေ့ကစပြီး ရန်ကုန်မှာ စားသောက်ဆိုင်တွင်း ထိုင်ပြီး စားသောက်ခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

 https://burmese.voanews.com/a/myanmar-covid/5952990.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.