- ဗြီအိုုေအ (ျမန္မာဌာန)

အေမရိကန္ ျပည္ေထာင္စုမွာ ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေဆး အျပည့္ထိုးၿပီးသူေတြ
ေရွ႕လ စက္တင္ဘာ ၂ဝရက္ကစတင္ၿပီး ေနာက္ထပ္တႀကိမ္ အားျဖည့္ကာကြယ္ေဆး ထိုးဖို႔
စီစဥ္ေနတဲ့အေၾကာင္း က်န္းမာေရးဆိုင္ရာ တာဝန္ရွိသူေတြက ေၾကညာလိုက္ပါတယ္။
ဒီအစီအစဥ္အရ ၂ ႀကိမ္ထိုးရတဲ့ Pfizerနဲ႔ Moderna ကာကြယ္ေဆးထုိးထားသူေတြဟာ
ေနာက္ထပ္တႀကိမ္ ထပ္ထိုးရမွာျဖစ္ပါတယ္။
တႀကိမ္တည္းသာ ထုိးရတဲ့ Johnson & Johnson
ကာကြယ္ေဆးထုိးထားၿပီးသားသူေတြလည္း ေနာက္ထပ္ ေဆးထပ္ထိုးဖို႔
လိုေကာင္းလိုႏိုင္ေၾကာင္းနဲ႔ ဆုံးျဖတ္ခ်က္ဖို႔ မၾကာခင္ သီတင္းပတ္ေတြအတြင္း
Johnson & Johnson ကာကြယ္ေဆးနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြ ပိုၿပီးရဖို႔
ေမွ်ာ္လင့္ထားတယ္လို႔ က်န္းမာေရးဆိုင္ရာ အရာရွိေတြက ေျပာပါတယ္။
ေနာက္ဆုံး ရရွိတဲ့ အခ်က္အလက္ေတြအေပၚ သုံးသပ္ခ်က္အရ ကိုဗစ္ေရာဂါ ကာကြယ္ေဆး ေနာက္တႀကိမ္ထိုးရမယ့္ အခ်ိန္ေရာက္ၿပီလို႔ သုံးသပ္ထားေၾကာင္းအေမရိကန္ လူထုက်န္းမာေရးဆိုင္ရာ အရာရွိခ်ဳပ္ Dr Vivek Murthy က ဗုဒၶဟူးေန႔ အိမ္ျဖဴေတာ္ သတင္းစာ ရွင္းလင္းပဲြမွာ ေျပာသြားတာပါ။
တခ်ိန္တည္းမွာပဲ အေမရိကန္ သမၼတ ဂ်ဳိးဘိုင္ဒန္ ရဲ႕က်န္းမာေရးဆိုင္ရာ အႀကံေပး Dr. Anthony Fauci ကလည္း ကိုဗစ္ကပ္ေရာဂါပိုး ကို ကာကြယ္ေပးတဲ့ ခႏၵာကိုယ္ရဲ႕ ခုခံအားေတြဟာ အခ်ိန္ၾကာလာတဲ့အမွ်က်ဆင္းလာေၾကာင္း ၊ ဒါေၾကာင့္ ကူးစက္ျမန္ ဗီဇေျပာင္း Delta ဗိုင္းရပ္စ္ပိုးကို ခုခံကာကြယ္ဖို႔အတြက္ ကိုယ္ခံအားစနစ္ေတြကို စြမ္းအားျမွင့္တင္ဖို႔လိုအပ္ေကာင္း လိုႏိုင္ေၾကာင္း ေျပာပါတယ္။
........................................................
{{Unicode}}
အမေရိကန် ပြည်ထောင်စုမှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး အပြည့်ထိုးပြီးသူတွေ
ရှေ့လ စက်တင်ဘာ ၂ဝရက်ကစတင်ပြီး နောက်ထပ်တကြိမ် အားဖြည့်ကာကွယ်ဆေး ထိုးဖို့
စီစဉ်နေတဲ့အကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ကြေညာလိုက်ပါတယ်။
ဒီအစီအစဉ်အရ ၂ ကြိမ်ထိုးရတဲ့ Pfizerနဲ့ Moderna ကာကွယ်ဆေးထိုးထားသူတွေဟာ
နောက်ထပ်တကြိမ် ထပ်ထိုးရမှာဖြစ်ပါတယ်။
တကြိမ်တည်းသာ ထိုးရတဲ့ Johnson & Johnson
ကာကွယ်ဆေးထိုးထားပြီးသားသူတွေလည်း နောက်ထပ် ဆေးထပ်ထိုးဖို့
လိုကောင်းလိုနိုင်ကြောင်းနဲ့ ဆုံးဖြတ်ချက်ဖို့ မကြာခင် သီတင်းပတ်တွေအတွင်း
Johnson & Johnson ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပိုပြီးရဖို့
မျှော်လင့်ထားတယ်လို့ ကျန်းမာရေးဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
နောက်ဆုံး ရရှိတဲ့ အချက်အလက်တွေအပေါ် သုံးသပ်ချက်အရ ကိုဗစ်ရောဂါ ကာကွယ်ဆေး နောက်တကြိမ်ထိုးရမယ့် အချိန်ရောက်ပြီလို့ သုံးသပ်ထားကြောင်းအမေရိကန် လူထုကျန်းမာရေးဆိုင်ရာ အရာရှိချုပ် Dr Vivek Murthy က ဗုဒ္ဓဟူးနေ့ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။
တချိန်တည်းမှာပဲ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ရဲ့ကျန်းမာရေးဆိုင်ရာ အကြံပေး Dr. Anthony Fauci ကလည်း ကိုဗစ်ကပ်ရောဂါပိုး ကို ကာကွယ်ပေးတဲ့ ခန္ဒာကိုယ်ရဲ့ ခုခံအားတွေဟာ အချိန်ကြာလာတဲ့အမျှကျဆင်းလာကြောင်း ၊ ဒါကြောင့် ကူးစက်မြန် ဗီဇပြောင်း Delta ဗိုင်းရပ်စ်ပိုးကို ခုခံကာကွယ်ဖို့အတွက် ကိုယ်ခံအားစနစ်တွေကို စွမ်းအားမြှင့်တင်ဖို့လိုအပ်ကောင်း လိုနိုင်ကြောင်း ပြောပါတယ်။
https://burmese.voanews.com/a/us-announces-covid-19-vaccine-booster-shots/6007668.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.