Breaking

August 23, 2023

2024 Grade 12 စာမေးပွဲ အတွက် ကြော်ငြာချက်




 ၁။ ၂၀၂၄ ခုနှစ် တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ နှင့် ပတ်သက်၍ ဝင်ရောက် ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ သိရှိနိုင်ရန် အောက်ပါအတိုင်း ကြေညာအပ်ပါသည်။

၂။ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာ တစ်စောင်လျှင် (၂ဝဝိ/-) နှင့် စာမေးပွဲ ဝင်ကြေးအတွက် (၇ဝဝိ/-) တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန၊ ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် ၂၀၂၃-ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ စတင်၍ ရောင်းချပေးမည် ဖြစ်ပါသည်။
၃။ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းရာ၌ ဖြေဆိုမည့် ဘာသာတွဲအလိုက် အစိမ်းရောင်နှင့် ပန်းရောင် ဖြေဆိုခွင့်လျှောက်လွှာ၊ ကတ်ပြားပုံစံဖြင့် အရောင်နှစ်မျိုး ခွဲခြား သတ်မှတ်ထားပါသည်။
၄။ စနစ်ဟောင်း နဝမတန်း (Grade-10) အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့သူများ နှင့် စနစ်ဟောင်း ဒသမတန်း (Grade 11) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုမည် ဖြစ်ပါသည်။
၅။ ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေး (၇၀ဝိ/-)ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက် ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့ အမှန်တကယ် နေထိုင် သည့်မြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့ မှ စက်တင်ဘာလ (၂၉)ရက်နေ့ အတွင်း တင်သွင်းကြရမည် ဖြစ်ပါသည်။
၆။ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများ နှင့် ကိုယ်ပိုင် အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး (၇၀ဝိ/-)ကျပ်တန် ငွေသွင်း တံဆိပ်ခေါင်းများ ဝယ်ယူပြီး၊ လျှောက်လွှာ တစ်စောင်ချင်းတွင်ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့ မှ စက်တင်ဘာလ (၂၉)ရက်နေ့ အတွင်း သတ်မှတ်ရက်အမီ တင်သွင်းကြရမည် ဖြစ်ပါသည်။
၇။ သတ်မှတ်ထားသော ရက်များအတွင်း အချိန်မီ ပေးပို့ခြင်း မရှိသူများသည် စာမေးပွဲ ဖြေဆိုခွင့် ရရှိကြမည် မဟုတ်ကြောင်းနှင့် စာဖြေသူ တင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲ‌ဖြေဆိုခွင့်ပြုမည် မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲ အလိုက် ပုံစံများ မှန်ကန်မှု ရှိ-မရှိ သေချာစွာ စစ်ဆေးပြီး မှန်ကန်စွာ ဖြည့်စွက်ပေးပို့ကြရန် ဖြစ်ကြောင်း သတိပြုစေလိုပါသည်။
၈။ လျှောက်လွှာပုံစံများ နှင့် ငွေသွင်းတံဆိပ်ခေါင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ်(၅၂)၊ နေပြည်တော် နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန်(ရုံးခွဲ)၊ ပါရမီလမ်း၊ ၁၂-ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ တွင် လာရောက်ဝယ်ယူနိုင်ပါသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

No comments:

Post a Comment

Note: Only a member of this blog may post a comment.