Breaking

August 20, 2023

မြန်မာ စကားပုံများ

1. Woe to the river when a monitor lizard becomes an alligator.
• ဖွတ် မိ‌ကျောင်းဖြစ်၊ မြစ် မချမ်းသာ ။
2. A good name is better than gold.
• လူသာသေစေ၊ နာမည်မသေစေနဲ့။
3. Lend your money and lose your friend.
• ကြွေးယူပြုံးပြုံး၊ တောင်းလျှင်မုန်း။
4. Everything in time comes to him who knows how to wait.
• စောင့်နိုင်ရင် သူခိုးမိ၊ အောင့်နိုင်ရင် အကျိုးရှိ။
5. We would rather die on our feet than live on our knee.
• လှေခွက်ချည်းကျန် အလံမလှဲ။
6. He has much prayer but little devotion.
• ပါးစပ်က ဘုရား ဘုရား၊ လက်က ကားရား ကားရား။
7. Don’t teach your grandmother how to suck eggs.
• မိကျောင်းမင်း ရေကင်းမပြနဲ့။
8. At open doors,dogs come in.
• ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်။
9. Never try to prove what nobody doubts.
• မယောင်ရာ ဆီ(ဆေး)မလူးနဲ့။
10. No one knows where the shoe pinches, but he who wears it.
• ကိုယ့်ဝမ်းနာ ကိုယ်သာသိ။
11. When there's a will, there's a way.
• လိုလျှင်ကြံဆ နည်းလမ်းရ။
12. There is no accounting for tastes.
• လူတစ်ကိုယ် အကြိုက်တစ်မျိုး။
13. While the grass grows the horse starves.
• ဖောင်စီးရင်း ရေငတ်။
14. Least said soonest mended.
• စကားစကား ပြောပါများ၊ စကားထဲက ဇာတိပြ။
15. As you make your bed ,so you must lie on it.
• ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတယ်။
16. A good beginning makes a good ending./
Well begun is half done.
• အစကောင်းမှ အနှောင်းသေချာ။
17. He tries to walk before he can crawl./
Learn to walk before you run.
• ပန်းထိမ်မတတ်ခင်၊ ရွှေခိုးသင်။
18. There is no little enemy.
• ရန်သူဟူက လျှော့တွက်၍ မရ။
19. The best of friends must part.
• ချစ်ခင်ပေါင်းသင်းဆက်ဆံခြင်းက၊ ကွေကွင်းနောက်ဆုံးရှိစမြဲ။
20. A leopard will never change it spots.
• ခွေးမြီးကောက် ကျည်တောက်စွပ်။
21. One flower makes no garland./
One swallow does not make a summer.
• နှမ်းတစ်လုံးနှင့် ဆီမဖြစ်။
22. Barking dogs seldom bite.
• ဟောင်လွန်းတဲ့ခွေး လူမလေး။
23. The seven vulgar creatures who announce their own name.
• ကိုယ့်ဂုဏ်ကိုဖေါ် မသူတော်။
24. He who hold his tongue save his head./
Least said, soonest mended.
• စကားနဲတော့ ရန်စဲ၏။
25. When the wine is in, the wit is out.
• ထန်းရည်မူးတော့၊ ကျွဲခိုးပေါ်။
26. You can't make a silk purse out of a sow's ear.
• ဖွဲကိုထောင်း၊ ဆန်ကောင်းမရ။
27. Ignorance is worse than poverty.
• မရှိတာထက် မသိတာခက်။
28. Out of sight, Out of mind.
• မီးဝေးတော့ ချိတ်(ဂျိတ်)မာတယ်။
29. Beggars can't be choosers.
• သူတောင်းစားဘဝ ကြေးများ၍မရ။
30. A false report rides post./
Mud can't stain a real ruby.
• ပတ္တမြားမှန်လျှင် နွံမှာနစ်သော်လည်း နွံမညစ်။
31. Imitation beats innovation./
Imitation is often better than the original.
• အကြံတူ နောက်လူကောင်းစမြဲ။
32. You can not get blood out of stone.
• ကျောက်တုံးကိုကြိတ်လို့ ဆီမထွက်။
33. All his geese are swans.
• ကိုယ်ထင် ခုတင် ရွှေနန်း။
34. There is one basic course of all effects.
• ဘယ်သူသေသေ ငတေမာပြီးရော။
35. A soft answer turneth away wrath.
• အလျှောက်ကောင်း၊ အထောင်းသက်သာ။
36. A nine day wonder.
• ခွေးရူးကောင်းစား တစ်မွန်းတည့်။
37. Far from eye, far from heart.
• တခြုံကွယ် တမယ်မေ့။
38. As different as chalk and cheese.
• ငါးပိနဲ့လောက်၊ ရွှေနဲ့ကျောက်။
39. Soft words win hard hearts./
A good tongue is a good weapon.
• နှုတ်ချို သျှိုတစ်ပါး။
40. Beauty is only skin deep.
• အဆင်းသာရှိ၍ အချင်းမရှိ။
41. Cut the coat according to the cloth.
• ၀န်နဲ့အား လေးနဲ့မြှား။
42. Ill weeds grow apace.
• မြက်ရိုင်း ပေါင်းပင် အပေါက်မြန်၏။
43. The world is full of fools.
• ပုထုဇ္ဇနော ဥမ္မတ‌ကော။
44. Learning is the first, earning is the second.
• ပညာက ရှေ့၊ ဥစ္စာက နောက်။
45. They that know nothing fear nothing.
• မျက်ကမ်း တစ္ဆေမကြောက်။
46. Stolen pleasures are sweetest./
A forbidden fruit tastes the sweetest.
• ခိုးစားရတဲ့ သစ်သီး ပိုချို။
47. A wise man does not reveal anger.
• ပညာရှိအမျက် အပြင်မထွက်။
48. Why buy a cow when milk is so cheap?
• နို့ ပေါလျှက်နဲ့ နွားကိုဝယ်တယ်။
49 .It’s easy to make mistake but it was not take you a long time to correct them.
• ပျက်အစဉ် ပြင်ခဏ။
50. There is no royal road to learning.
• ပညာရှာ ပမာသူဖုန်းစား။
51. Every dog has his day.
• သစ်ငုတ် မြင့်တုံ၊ မြက် မြင့်တုံ။
52. He that cannot make sport should mar none.
• မစားရတဲ့အမဲ သဲနှင့်ပက်။
53. Homer sometimes nods.
• ပညာရှိ သတိဖြစ်ခဲ။
54. Diamond cuts diamond.
• ကိုယ့်ကို ကိုယ်ဖျက် သံချေးတက်။/
• သံကိုသံဖျက် သံချေးတက်။
55. The city for wealth, the country for health.
• စီးပွားရှာလို မြို့မှာနေ၊ ကျန်းမာလိုက တော(ကျေးလက်)မှာနေ။
56. A bad dancer blames the mat.
• အက မတတ်၊ ဖျာအပြစ်တင်။
57. Keep an ear cocked for the twang of a pellet bow while eating the fruit of the banyan.
• ညောင်သီးကိုလည်းစား၊ လေးသံလည်းနားထောင်။
58. Do not cry for the moon.
• မမှီတဲ့ပန်း တုံးခုမလှမ်းပါနဲ့။
59. Do not be lazy if you crave learning, do not be haughty if you crave wealth.
• ပညာလိုသော် မပျင်းနှင့်၊ ဥစ္စာလိုသော် မတင်းနှင့်။
60. He spikes the big drum because he was denied the role of chief
• မင်းသားမလုပ်ရလို့ ပတ်မကြီးထိုးဖောက်။
61. He sets the fox to keep the geese.
• သူခိုးကို တိုက်စိုးနှင်း၊ စုန်းကို သားကင်ခိုင်း။
62. Don’t count your chickens before they are hatched.
• ယုန်မရခင် သံပုရာရှာ၊ ဆောက်ဖြစ်မှ ကျောင်းဒကာ။
63. To cry out before one is hurt.
• မခေါ်ခင်က တော်ထူးချင်၊ မဆွတ်ခင်က ညွှတ်ချင်။
64. If thou hast not a capon, feed on an onion.
• သစ်မရခင်စပ်ကြား ဝါးပေါင်ကွပ်။
65. Second thoughts are the best.
• အကြံတူ နောက်လူကောင်းစမြဲ။
66. We soon believe what we desire.
• သဒါ လွန်တော့ တဏှာကျွန်။
67. The pot calls the kettle black.
• နှုတ်ခမ်းပဲ့ချင်း မီးမှုတ် ။
68. Double, double toil and trouble.
• ဗူးလေးရာ ဖရုံဆင့်။
69. Everyone has a penny to spend at a new alehouse.
• ဠင်းတလောက်တော့ ငှက်တိုင်းလှ။
70. An imperious red ant who would've torn down the mountain but for his bad back.
• ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးဖြိုမည်ကြံ၊ ခါးက မသန်။
71. Keep changing paddles at every bend in the stream.
• ဒီအကွေ့ ဒီတက်နဲ့လှော်၊ ဟိုအကွေ့ ဟိုတက်နဲ့လှော်။
72. Fields have eyes and woods have ears.
• မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိ။
73. He who blooms helps others to bloom./
If a goodman thrives,all thrives with him.
• သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားရ။
74. The proof of the pudding is in the eating.
• ပန်းထိမ်မတတ် ဂဟေဆက်သက်သေ။
75. As the husband-to-be entered monkhood, his future wife should still be in a crib.
• ယောက်ျားမောင်ပဉ္ဇင်း၊ မိန်းမပုခက်တွင်း။
76. There is no smoke without fire./
You never speak, but your mouth opens.
• မပြေးသော် ကန်ရာရှိ။
77. Whom the God loves die young.
• ဘုန်းကြီးလို့ သက်မရှည်။
78. Let a physician be old and a wife young.
• သမားအိုစေ၊ မယားပျိုစေ။
79. It takes two to make quarrel.
• ချိတ်(ဂျိတ်) ချိတ်ချင်းမှ ချိတ်လို့ရ။
80. Nothing venture, nothing have / win.
• သေ မြေကြီး၊ ရှင် ရွှေထီး။
81. They that are bound must obey.
• သူ့ဆန်စား ရဲမှ။
82. Empty vessels make the most sound/ noise.
• မပြည့်သည့်အိုး ဘောင်ဘင်ခတ်။
83. Extremes are dangerous.
• မလျှော့မတင်း စောင်းကြိုးညှင်း။
84. God comes to see us without a bell.
• လှံထမ်းလာတာကို မြင်ရ၊ ကံထမ်းလာတာကို မမြင်ရ။
85. As you sow, so shall you reap.
• ဘယ်သူမပြု မိမိမှု။
86. He that feareth every bush must never go a- birding.
• မရဲဘဲနှင့် ကျွဲပြဲစီး။
87. Between the devil and the deep sea.
• ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ်လှည်းတုတ်။
88. Necessity is the mother of invention./
Where there is a will, there is a way.
• လိုလျှင်ကြံဆ နည်းလမ်းရ။
89. To cry with one eye, and laugh with the other./
Bees that have honey in the mouth have stings in their tail.
• မီးစတစ်ဖက် ရေမှုတ်တစ်ဖက်။
90. Foolish pity spoils the city.
• ရှေ့နေဌားမှ ထောင်လုံးလုံးကျ။
91. Don’t do business with your friends.
• မျက်နှာသိ ငါးပိမ၀ယ်ရ။
92. Those who know don’t speak; those who speak don’t know.
• လူပြောမသန် လူသန်မပြော။
93. To preserve the status quo
• ပိုနေမြဲ ကျားနေမြဲ
94. Tha palmyra nut falls just as a crow alight on it.
• ထန်းသီးကြွေခိုက် ကျီးနင်းခိုက်။
95. Evil to him that evil thinks./
By harming others we harm ourselves.
• သူတစ်ပါးမကောင်းကြံ ကိုယ့်မှာဘေးဒဏ်ထိ။
96. To fall between two stools
• ဘကြီးလည်းမတွေ့၊ ထီးတင်ပွဲလည်းမမီ။
97. He that is born to be hanged shall never be drowned.
• သေကံမရောက် သက်မပျောက်။
98. A courtier's position is more secure than a tree by the river's edge.
• မင်းခစား ကမ်းနားသစ်ပင်။
99. It is in vain to cast your net where there is no fish.
• မရောင်ရာ ဆီလူး။
100. Procrastination is the thief of time.
• မိုးကိုလင့်‌တော့၊ ပျိုးရင့်သည်။

Learning English Language >>>>>

No comments:

Post a Comment

Note: Only a member of this blog may post a comment.