Breaking

August 14, 2023

ဖိထာအနေနဲ့ ဥပဒေပုဒ်မ ၉၈ (၃) ကို တစုံတရာချိုးဖေါက်ခြင်းမရှိတာကြောင့် တိုင်တန်းထားတဲ့အမှုကို ပြန်လည်ရုပ်သိမ်းသင့်ကြောင်းဆုံးဖြတ်


ရွေးကောက်ပွဲအနိုင်ရ ဖတ်ကောင်းကိုင်ပါတီခေါင်းဆောင် ဖိထာကို ဝန်ကြီးချုပ်မဖြစ်စေရေးအတွက်...

iTV ရှယ်ယာပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ဥပဒေပုဒ်မ ၁၅၁ အရ- ရွေးကောက်ပွဲဥပဒေချိုးဖေါက်တာကြောင့် စုံစမ်းစစ်ဆေး အရေးယူပေးဖို့" ဆိုပြီး တင်ပြတိုင်တန်းထားတာကို...
"အထူးစုံစမ်းစစ်ဆေးရေးကော်မတီ" ဖွဲ့ပြီး ဖိထာရဲ့အမှုကို စုံစမ်းစစ်ဆေးဖို့ ဖွဲ့စည်းထားတဲ့ကော်မတီက...
"၎င်းတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေပြီးသွားပြီဖြစ်ကြောင်း၊ iTV ဟာလုပ်ငန်းလည်ပတ်မှုမရှိသလို အဲဒီကနေ စီးပွါးရေးအကျိုးအမြတ်တစုံတရာ မရှိသည်မှာလည်းမှန်ကန်ကြောင်း၊ ဖိထာအနေနဲ့ ဥပဒေပုဒ်မ ၉၈ (၃) ကို တစုံတရာချိုးဖေါက်ခြင်းမရှိတာကြောင့် တိုင်တန်းထားတဲ့အမှုကို ပြန်လည်ရုပ်သိမ်းသင့်ကြောင်း ..."
ဆိုပြီးပြီးခဲ့တဲ့နာရီပိုင်းကဘဲ ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်ပါတယ်။
ဩဂုတ်လ ၁၄ ရက်၊ ၂၀၂၃

No comments:

Post a Comment

Note: Only a member of this blog may post a comment.